"Google Play ပေါ်မှာ ဗိုင်းရပ်စ် ကူးစက်ခံရလို့ ဖျက်ပစ်လိုက်ရသော App စာရင်း"
များမကြာမီကာလတုန်းက တရားဝင်ထုတ်ပြီး ဈေးကွက်ပေါ် တင်ထားတဲ့ app ပေါင်း ၅၀ ကျော်ဟာ “DroidDream” အမည်ရှိ ဗိုင်းရပ်စ် ကူးစက်တာခံရလို့ Google ကသတင်းထုတ်ပြန်ပြီး ကမန်းကတမ်း ဖျက်ပစ်လိုက်ရပါတယ်.. အနှီ ဗိုင်းရပ်စ်မှာ ‘root’ ဖောက်လို့ရတဲ့ code တွေပါရှိပြီး ဖုန်းဒါမှမဟုတ် tablet ရဲ့ IMEI (International Mobile Equipment Identity) နဲ့ IMSI (International Mobile Subscriber Identity) နံပတ်တွေကို ကူယူပြီး remote server တွေထဲကိုလှမ်းပို့ပေးနိုင်ပါတယ်တဲ့ အဲဒီတော့ ဖုန်းထဲမှာရှိတဲ့ personal data တွေကို နောက်ကွယ်ကနေ အပေးအယူလုပ်နိုင်ပါတယ်.. အဲဒီဗိုင်းရပ်စ် ကူးစက်ခံရတဲ့ android device ပေါင်း ၃သိန်းကျော် လောက်ရှိတယ်လို့လည်း Google ကခန့်မှန်းထားပါတယ်..ခုဆို ပိုများနေလောက်ပီ
အဲ့ဗိုင်းရပ်စ် ကိုစတင်ပြီး ဖော်ထုတ်မိတဲ့သူက Reddit အသုံးပြုသူ Lompolo ဆိုတဲ့သူဖြစ်ပါတယ်.. Lompolo ဦးဆုံးသံသယ၀င်မိတာက “Myournet” ဆိုသူရဲ့ app တွေကိုပါ.. အဲ့ဒီတယောက်က တရားဝင်ဖြန့်ချီထားတဲ့ app တွေကို အလွယ်တကူနဲ့ တချို့ ပိုက်ဆံပေးသုံးရတဲ့app မျိုးတွေကိုကျတော့ အလကား ဒေါင်းပြီးသုံးလို့ရအောင် ပြန်လုပ်ထားတဲ့ pirated version (cracked version လို့လဲခေါ်ပါတယ်) တွေကို ဖန်တီးပေးတဲ့သူပါ.. Third Party Site တွေက ဒေါင်းတဲ့သူတွေအများဆုံးခံရတာပေါ့လေ.. ပိုက်ဆံမပေးပဲ အလကားသုံးချင်တာကိုး.. စကားမစပ် မြန်မာနိုင်ငံမှာ အများစုဝယ်သုံးနေတဲ့ Installer CD တွေက cracked version တွေပါ.ပြီးတော့ အရင်ကပြောခဲ့ဖူးသလိုပဲ app တွေအလွယ်ရတဲ့ Third Party Site တွေမှာ အများဆုံးတွေ့ရတဲ့ app တွေက malware infected ဖြစ်နိုင်ချေအများဆုံးမို့လို့တော်ရုံမဒေါင်းစေချင်ပါဘူး.. ဆက်ပြောရရင် Myournet ရဲ့ app တွေတင်မဟုတ်ပဲ တခြား developer နှစ်ယောက်ရဲ့ app တွေလဲ DroidDream ကူးစက်ခံထိနေတယ်လို့ တွေ့ရှိပါသတဲ့.. ကဲပါ လေမရှည်တော့ဘူး ..အောက်မှာ စာရင်းပြုစုပေးထားပါတယ်.. အဲ့ထဲက တစ်ခုခု ကိုယ့်စက်ထဲမှာဒေါင်းထားမိရင်တော့……
Falling Down • Super Guitar Solo • Super History Eraser • Photo Editor • Super Ringtone Maker • Super Sex Positions • Hot Sexy Videos • Chess • 下坠滚球_Falldown • Hilton Sex Sound • Screaming Sexy Japanese Girls • Falling Ball Dodge • Scientific Calculator • Dice Roller • 躲避弹球 • Advanced Currency Converter • App Uninstaller • 几何战机_PewPew • Funny Paint • Spider Man • 蜘蛛侠•Bowling Time • Advanced Barcode Scanner • Supre Bluetooth Transfer • Task Killer Pro • Music Box • Sexy Girls: Japanese • Sexy Legs • Advanced File Manager • Magic Strobe Light • 致命绝色美腿 • 墨水坦克Panzer Panic • 裸奔先生Mr. Runner • 软件强力卸载 • Advanced App to SD • Super Stopwatch & Timer • Advanced Compass Leveler • Best password safe • 掷骰子 • 多彩绘画•Finger Race • Piano • Bubble Shoot • Advanced Sound Manager • Magic Hypnotic Spiral • Funny Face • Color Blindness Test • Tie a Tie • Quick Notes • Basketball
No comments:
Post a Comment